ငါးကွမ်းရှပ် ကြက်သွန်နီ နှမ်းကပ် ငါးမုန့် (Onion Sesame Fish Crackers)
⚜ပစ္စည်းအကြောင်း?
🌰 တနသ်ာရီ ဒေသထွက် ပင်လယ်ငါးကွမ်းရှပ် ကြက်သွန်နီ နှမ်းကပ် ငါးမုန့်လေး (Mackerel Onion Sesame Crackers) ဖြစ်ပါတယ်ရှင့်။
🌰 ဒီငါးမုန့်လေးမှာတော့ အရသာတစ်မျိုး ထူးခြားနေအောင် ပင်လယ်ငါးကွမ်းရှပ်ငါး နဲ့ ကြိမ်မွေ့တောင်းငါး နှစ်မျိုးကို ပေါင်းစပ် ပြုလုပ်ထားပေးပါတယ်ရှင့်။
ငါးကွမ်းရှပ်ငါး စားသုံးရခြင်းရဲ့ အကျိုးကျေးဇူး
https://m.facebook.com/story.php?story_fbid=111851214565327&id=102248475525601
🌰 နှမ်, ငရုတ်ကောင်း နဲ့အတူ၊ ကြက်သွန်နီကိုလဲ ထည့်သွင်း ပြုလုပ်ထားတာကြောင့် ကင်ဆာ ကာကွယ်ပေးခြင်း၊ နှလုံးအတွက် ကောင်းခြင်း၊ အရေပြား နှင့် ဆံသားကျန်းမာစေခြင်း၊ အရိုးသန်မာစေခြင်း၊ အစာခြေ စနစ်ကောင်းစေခြင်း၊ သွေးတွင်း သကြားဓာတ်ထိန်းညှိပေးခြင်း စတဲ့ အကျိုးအားနိသင် အပြည့်အဝရှိတယ်။
🌰 သဘာဝအာဟာရ ဓာတ်စာတွေပဲ ထည့်ထားလို့ အထူးသင့်လျော်တဲ့ ကျန်းမာရေး သားရေစာဆိုရင်လဲ မမှားပါဘူးရှင့်။
🌰 ၁၀ ကျပ်သား နှင့် ၁ပိဿာ အထုပ်ဖြင့် နှစ်မျိုးရှိနိုင်ပါတယ်။
(ပြန်လည်ရောင်းချလိုသူများ နှင့် ကိုယ်စားလှယ်များ အတွက် လက္ကားစီစဥ်ပေးပါတယ်ရှင့်။ အရင်းအနှီး မတတ်နိုင်သော Order (အော်ဒါ) ကောက်လိုသူများ ကိုလဲ ကူညီလက်တွဲပေးပါတယ် ရှင့်။)
⚜ဘယ်လိုစားရပါသလဲ?
🌰 ကုန်ခြောက်ဖြစ်လို့ ၂နှစ်အထိ အထားခံပြီး၊ လိုအပ်တဲ့အချိန်မှ ဆီသန့်ဖြင့် အလွယ်တကူ ကြော်စားနိုင်ပါတယ်ရှင့်။
🌰 သားရေစာ (Snack) အနေနဲ့ အအေးဖြင့် အလွန်လိုက်ဖက်ပြီး ကျန်းမာရေးနှင့် အထူးညီညွတ်ပါတယ်ရှင့်။
⚜ထားသိုသိမ်းဆည်းနည်း?
⭕ အရေးကြီးတာကတော့ ဒီစားသောက်ကုန်ကို ချစ်မိတ်ဆွေတို့ လတ်လတ်ဆတ်ဆတ် သန့်သန့်ရှင်းရှင်း သုံးဆောင်နိုင်ရန် အတွက် လိုအပ်သလောက် သုံးဆောင်ပြီးတိုင်း ချက်ချင်း လေလုံအောင် ပြန်ပိတ်ထားဖို့ နဲ့ ရေမထိစေဖို့ အထူး သတိထားစေလိုပါတယ်ရှင့်။
⭕ လေသလပ်တာ၊ ရေထိတာ ဖြစ်သွားခဲ့ရင်လဲ နေပြန်လှန်းရင် ရပါတယ်ရှင့်။