စမခြောက် (Dry Circle Ray)
⚜ပစ္စည်းအကြောင်း?
🐋 စမခြောက်ဆိုတာ ပင်လယ် ငါးလိပ်ကျောက်ရဲ့ အသားကို ဖြတ်တောက် ပုံဖော်ပြီး အခြောက်လှန်းထားတဲ့ တနသ်ာရီ ဒေသထွက်ကုန်တစ်ခု ဖြစ်ပါတယ်ရှင့်။
🐋 အငန်ဓာတ်မပါ လုံးဝ အချိုခြောက်ဖြစ်ကြောင်း အန်တီသင်း အာမခံပါတယ်ရှင့်။
🐋 လူကြီး၊ လူငယ်မရွေး လူကြိုက်များတဲ့ ထုတ်ကုန် တစ်ခု ဖြစ်ပါတယ်ရှင့်။
🐋 မှာယူလိုပါက ၁၀ ကျပ်သားထုပ်နှင့် တစ်ပိဿာထုပ် နှစ်မျိုး ရနိုင်ပါတယ်ရှင့်။
(ပြန်လည်ရောင်းချလိုသူများ နှင့် ကိုယ်စားလှယ်များ အတွက် လက္ကားစီစဥ်ပေးပါတယ်ရှင့်။ အရင်းအနှီး မတတ်နိုင်သော Order (အော်ဒါ) ကောက်လိုသူများ ကိုလဲ ကူညီလက်တွဲပေးပါတယ် ရှင့်။)
⚜ဘယ်လိုစားရပါသလဲ?
စမခြောက် အဝိုင်းလေးတွေကို လိုသလို လက်ဖြင့် ချိုးဖြတ်ပြီး၊
🐋 ငါးမုန့်ကြော်သလို ဆီပူထိုး ကြော်ပြီး သုံးဆောင် နိုင်ပါတယ်ရှင့်။ သားရေစာ အနေဖြင့်လဲ သုံးဆောင်သလို၊ ထမင်းဖြင့်လဲ စားသုံးနိုင်ပါတယ်ရှင့်။
🐋 ကြော်ပြီး စမခြောက်ကြော် လေးတွေကို ဆီ၊ ငရုတ်သီး၊ ကြက်သွန်နီ စသည်တို့ဖြင့်လဲ နှစ်သက်သလို သုပ်စားနိုင်ပါတယ်ရှင့်။
🐋 တစ်ချို့ကတော့ ငါးခြောက်မီးဖုတ် သလို မီးကင်စားကြပါတယ်ရှင့်။ (အန်တီသင်းကတော့ ကြွပ်ကြွပ်ရွရွ ကြော်စားတာလေးကို ပိုပြီး အကြံပြုပါတယ်ရှင့်)
ထားသိုသိမ်းဆည်းနည်း?
⭕ အရေးကြီးတာကတော့ ဒီစားသောက်ကုန်ကို ချစ်မိတ်ဆွေတို့ လတ်လတ်ဆတ်ဆတ် သန့်သန့်ရှင်းရှင်း သုံးဆောင်နိုင်ရန် အတွက် လိုအပ်သလောက် သုံးဆောင်ပြီးတိုင်း ချက်ချင်း လေလုံအောင် ပြန်ပိတ်ထားဖို့ နဲ့ ရေမထိစေဖို့ အထူး သတိထားစေလိုပါတယ်ရှင့်။
⭕ လေသလပ်တာ၊ ရေထိတာ ဖြစ်သွားခဲ့ရင်လဲ နေပြန်လှန်းရင် ရပါတယ်ရှင့်။