top of page
ပေသီး (Corypha Fruits)

ပေသီး (Corypha Fruits)

⚜ပစ္စည်းအကြောင်း?

🌴 ပေပင်သည် မြန်မာနိုင်ငံတွင် အပူပိုင်းဒေသများတွင်သာ ပေါက်ရောက်လေ့ ရှိပါတယ်ရှင့်။ ပေပင်တစ်ပင်တွင် အသီးတစ်ကြိမ်သာ သီးပါတယ်ရှင့်။

🌴 ပေသီးမှာ ထန်းသီးထက် ပိုသေးပြီး ထန်းသီးထက် အရသာ ပိုကောင်းပါတယ်ရှင်။ ပေသီးအဆံက ပိုနုပါသည်။ ပေသီး၏ ပင်ကိုယ်သဘာဝက ချွဲချွဲလေးဖြစ်နေသည့်အတွက် ရေဆေးစားစရာမလိုဘဲ သဘာဝအတိုင်း စားသုံးနိုင်ပါတယ်ရှင့်။

(* ပေသီးအကြောင်းအား Greenway ဆောင်းပါးမှ ကိုးကား ဖော်ပြထားပါသည်)

🌴 အဆုတ်၊ အသည်း၊ ကျောက်ကပ် အတွက် အထောက်အကူပြု ဓာတ်စာ ဖြစ်ပြီး၊ ရေဖျင်းဆွဲဝေဒနာရှင်များ နှင့် အမျိုးသမီးများ အတွက် အထူး သင့်လျော်ကြောင်း သိရပါတယ်ရှင့်။

🌴 ထန်းသီးဆံထက် ပိုနုအိပြီး မွှေးပါတယ်ရှင့်။ သဘာဝ အသီးဆံဖြစ်လို့ လူမျိုးဘာသာမရွေး စိတ်ချယုံကြည်စွာ သုံးဆောင်နိုင်ပါတယ်ရှင့်။

🌴 ၂၅ ကျပ်သားဘူး နဲ့ တစ်ပိဿာဘူး စသဖြင့် နှစ်မျိုး ရရှိနိုင်ပါတယ်ရှင့်။

(ပြန်လည်ရောင်းချလိုသူများ နှင့် ကိုယ်စားလှယ်များ အတွက် လက္ကားစီစဥ်ပေးပါတယ်ရှင့်။ အရင်းအနှီး မတတ်နိုင်သော Order (အော်ဒါ) ကောက်လိုသူများ ကိုလဲ ကူညီလက်တွဲပေးပါတယ် ရှင့်။)

⚜ဘယ်လိုစားရပါသလဲ?

🌴 ပေသီးကို နို့ဆီ၊ သကြား၊ ရေခဲ တို့ဖြင့် ပေသီး ရေခဲသုပ် လုပ်စားနိုင်သလို၊ ရေခဲခြစ်၊ ဖာလူဒါ၊ ရေခဲမုန့်၊ နို့သစ်ခွတို့တွင်လည်း ထည့်၍ စားသုံးနိုင်ပါတယ်ရှင့်။

⚜ထားသိုသိမ်းဆည်းနည်း?

အရေးကြီးတာကတော့ ဒီစားသောက်ကုန်ကို ချစ်မိတ်ဆွေတို့ လတ်လတ်ဆတ်ဆတ် သန့်သန့်ရှင်းရှင်း သုံးဆောင်နိုင်ရန် အတွက်

⭕ နေရောင်နဲ့ တိုက်ရိုက် မထိတွေ့စေဖို့

⭕ ရေခဲသေတ္တာ (သို့) အေးသော နေရာမှာထားသိုဖို့

⭕ သုံးဆောင်ပြီး ချက်ချင်း အဖုံးပြန်ပိတ်ထားဖို့

⭕ ပြင်ပ ဖုန်မှုန့် အညစ်အကြေးမဝင် စေဖို့

အထူး သတိထားစေလိုပါတယ်ရှင့်။

    4.000,00KPrice
    Quantity
    Product Page: Stores_Product_Widget
    bottom of page