ရွှေငါး ငါးကွမ်းရှပ် ငါးမုန့် (Gold Mackerel Fish Cracker)
⚜ပစ္စည်းအကြောင်း?
🐟 ငါးကွမ်းရှပ်ငါး အစစ်နဲ့ ပြုလုပ်ထားတဲ့ လူကြိုက်များသော တနသ်ာရီဒေသထွက်ကုန် တစ်ခုဖြစ်ပါတယ်ရှင့်။
🐟 ငါးမုန့်တစ်ချပ် ကို ကြော်လိုက်ရင် အကြီးကြီး ရသလို၊ အရမ်းလဲမွှေး၊ ကြော်ရလဲ လွယ်၊ အရသာလဲရှိတာ စားသုံးဖူး သူတိုင်း အသိပါရှင့်။
🐟 ငါးကွမ်းရှပ်ငါး အစစ်နဲ့ ပြုလုပ်ထားလို့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အပြင် ပုံမှန်ငါးမုန့်တွေ နဲ့မတူတဲ့ ထူးကဲကောင်းမွန်တဲ့ အရသာရှိပါတယ်။
ငါးကွမ်းရှပ်ငါး စားသုံးရခြင်းရဲ့ အကျိုးကျေးဇူး
https://m.facebook.com/story.php?story_fbid=111851214565327&id=102248475525601
🐟 ၁၀ ကျပ်သား နှင့် ၁ပိဿာ အထုပ်ဖြင့် နှစ်မျိုးရှိနိုင်ပါတယ်။
(ပြန်လည်ရောင်းချလိုသူများ နှင့် ကိုယ်စားလှယ်များ အတွက် လက္ကားစီစဥ်ပေးပါတယ်ရှင့်။ အရင်းအနှီး မတတ်နိုင်သော Order (အော်ဒါ) ကောက်လိုသူများ ကိုလဲ ကူညီလက်တွဲပေးပါတယ် ရှင့်။)
⚜ဘယ်လိုစားရပါသလဲ?
🐟 ကုန်ခြောက်ဖြစ်လို့ ၂နှစ်အထိ အထားခံပြီး၊ လိုအပ်တဲ့အချိန်မှ ဆီသန့်ဖြင့် အလွယ်တကူ ကြော်စားနိုင်ပါတယ်ရှင့်။
🐟 သားရေစာ (Snack) အနေနဲ့ အအေးဖြင့် အလွန်လိုက်ဖက်ပါတယ်ရှင့်။
⚜ထားသိုသိမ်းဆည်းနည်း?
⭕ အရေးကြီးတာကတော့ ဒီစားသောက်ကုန်ကို ချစ်မိတ်ဆွေတို့ လတ်လတ်ဆတ်ဆတ် သန့်သန့်ရှင်းရှင်း သုံးဆောင်နိုင်ရန် အတွက် လိုအပ်သလောက် သုံးဆောင်ပြီးတိုင်း ချက်ချင်း လေလုံအောင် ပြန်ပိတ်ထားဖို့ နဲ့ ရေမထိစေဖို့ အထူး သတိထားစေလိုပါတယ်ရှင့်။
⭕ လေသလပ်တာ၊ ရေထိတာ ဖြစ်သွားခဲ့ရင်လဲ နေပြန်လှန်းရင် ရပါတယ်ရှင့်။