top of page
ရွှေပုဇွန် ရင်ခွဲခြောက် (Dry Gold Prawns)

ရွှေပုဇွန် ရင်ခွဲခြောက် (Dry Gold Prawns)

⚜ပစ္စည်းအကြောင်း?

🦐 ပင်လယ်ပုဇွန်​တွေကို လတ်လတ်ဆတ်ဆတ် အနေအထားမှာ စနစ်တကျ အညစ်အကြေးများထုတ်၊ ရင်ခွဲသန့်စင်ပြီး နေခြောက်လှန်းထားတဲ့ တနသ်ာရီ ရိုးရာ ဒေသထွက်ကုန်တစ်ခု ဖြစ်ပါတယ်ရှင့်။

🦐 အငန်ဓာတ်မပါ လုံးဝ အချိုခြောက်ဖြစ်ပြီး၊ အညစ်အကြေး လုံးဝမပါ လတ်ဆတ်တာမို့ သဘာဝ အချိုအရသာကို ရရှိဖို့ အန်တီသင်း အထူး အာမခံပါတယ်ရှင့်။

🦐 လူကြိုက်များတဲ့ ထုတ်ကုန် တစ်ခု ဖြစ်ပါတယ်ရှင့်။

🦐 မှာယူလိုပါက ၁၀ ကျပ်သားထုပ် နှင့် တစ်ပိဿာထုပ် နှစ်မျိုး ရနိုင်ပါတယ်ရှင့်။

(ပြန်လည်ရောင်းချလိုသူများ နှင့် ကိုယ်စားလှယ်များ အတွက် လက္ကားစီစဥ်ပေးပါတယ်ရှင့်။ အရင်းအနှီး မတတ်နိုင်သော Order (အော်ဒါ) ကောက်လိုသူများ ကိုလဲ ကူညီလက်တွဲပေးပါတယ် ရှင့်။)

⚜ဘယ်လိုစားရပါသလဲ?

🦐 သူ့အရသာလေးက တစ်မူထူးပါတယ်ရှင့်။

ပုစွန်စိမ်း ၂ ပိဿာကိုခွဲပြီး အခြောက်ပြန်လှမ်းရင် ၃၀ကျပ်သား သာပြန်ရပါတယ်ရှင်။

(အခုမှ စလုပ်စားကြည့်မှာ ဆိုရင် နည်းနည်းစီ အရင်စမ်းပြီး လုပ်စားကြည့်ပေးပါနော်ရှင့်)

🦐 အပျော့ကြိုက်သူများ (ဒီလုပ်နည်းလေးက ဝယ်ယူသူ အတော်များများဆီက good review ရထားတဲ့ နည်းလေးပါရှင်) ပျော့ပွသည်အထိ ရေကြာကြာ စိမ်ပြီး ခရမ်းချဥ်သီး အနှစ်လေးနဲ့ ချက်စား၊ ကြော်စားလို့ ရပါတယ်ရှင့်။

🦐 အသားထုပ်ထုပ်လေး ကြိုက်သူများ ရေနွေးနဲ့ပြုတ်ပြီး ကိုယ်ကြိုက်နှစ်သက်ရာ တန်ဆာပလာ များထည့်ပြီး လက်သုပ် သုပ်စားနိုင်ပါတယ်ရှင့်။

(သတိပြုစေလိုတာက ပြုတ်တဲ့အခါ ပြုတ်ရေကို မသွန်ပစ်ပဲ ရေခမ်းသည်အထိ ပြုတ်ပေးပါရှင့်။ ပြုတ်ရေထဲ ပုဇွန်အချိုဓာတ် ပါတာမို့ မသွန်ပစ်သင့်ပါရှင့်)

🦐 အမာအကျွတ် ကြိုက်သူများ ဆီပူလေးနဲ့ကြော်စားပါရှင်

ဘာလချောင်ကြော် ကြော်စားနိုင်ပါတယ်ရှင့်။

🦐 အမွှကြိုက်သူများ မီးဖုတ် မီးကင်ပြီး ထောင်းထုဆွပေးပါရှင့်။ ဆီလေးနဲ့ စိမ်ထားပြီး စားသုံးနိုင်ပါတယ်ရှင့်။

ထားသိုသိမ်းဆည်းနည်း?

⭕ အရေးကြီးတာကတော့ ဒီစားသောက်ကုန်ကို ချစ်မိတ်ဆွေတို့ လတ်လတ်ဆတ်ဆတ် သန့်သန့်ရှင်းရှင်း သုံးဆောင်နိုင်ရန် အတွက် ရွှေပုဇွန် ရင်ခွဲခြောက်ကို ခြောက်သွေ့တဲ့ နေရာမှာထားဖို့၊ ရေမထိစေဖို့ အထူး သတိထားစေလိုပါတယ်ရှင့်။

⭕ ရေထိတာ ဖြစ်သွားခဲ့ရင်လဲ နေပြန်လှန်းရင် ရပါတယ်ရှင့်။

    50.000,00KPrice
    Quantity
    Product Page: Stores_Product_Widget
    bottom of page