top of page
သဘာဝ ဝါးပလုပ် (ခေါ်) ဝါးဂျယ်လီ (Natural Bamboo Jelly)

သဘာဝ ဝါးပလုပ် (ခေါ်) ဝါးဂျယ်လီ (Natural Bamboo Jelly)

⚜ပစ္စည်းအကြောင်း?

🌱 တနသ်ာရီ ဒေသထွက် ရာသီပေါ် အစားအသောက် တစ်ခုဖြစ်ပါတယ်။

🌱 ဝါးပင်မှ ထွက်တဲ့ သဘာဝ ထွက်ကုန်ဖြစ်လို့ ဓာတုဆေးများ မပါဝင်သလို၊ မတည့်တဲ့ တွဲဖက် အစားအစာလဲ လုံးဝမရှိပါ။

🌱 ဝါးစိမ်းနံ့သင်းသင်း လေးဖြစ်ပြီး၊ ဆိမ့်တဲ့အရသာ ရှိတဲ့ ဂျယ်လီပုံစံ ဖြစ်ပါတယ်။ (ဆေးကုလားမ နှင့် အရသာ လုံးဝမတူပါ)

🌱ခန္ဓာကိုယ်တွင်း အပူကျပြီး၊ ရင်အးစေတယ်။ အသည်း၊ ကျောက်ကပ် အတွက် ကောင်းတယ်။ ရေဓာတ်ပြည့်ဝပြီး အသားအရေ စို​ပြေစေပါတယ်။ ဆီး၊ ဝမ်းမှန်စေပါတယ်။

🌱 ဝါးပင်ခုတ် ယူရတာ မို့ အရေအတွက် အကန့်အသတ် သာရနိုင်ပါတယ်။

🌱 ၂၀လီတာပုံး နှင့် ၅၀ကျပ်သားဘူး နှစ်မျိုးရနိုင်ပါတယ်ရှင့်။

(ပြန်လည်ရောင်းချလိုသူများ နှင့် ကိုယ်စားလှယ်များ အတွက် လက္ကားစီစဥ်ပေးပါတယ်ရှင့်။ အရင်းအနှီး မတတ်နိုင်သော Order (အော်ဒါ) ကောက်လိုသူများ ကိုလဲ ကူညီလက်တွဲပေးပါတယ် ရှင့်။)

⚜ဘယ်လိုစားရပါသလဲ?

🌱 နို့ဆီ၊ သကြားရည်၊ နွားနို့၊ အချိုရည် စသည် တမျိုးမျိုးဖြင့် ရော၍ ဖျော်သောက်လို့ရပါတယ်။ ရေခဲလဲ ထည့်နိုင်ပါတယ်ရှင့်။

🌱 အကြံပြုပေးပါဆိုရင် နို့ဆီ၊ ရေခဲဖြင့် ဖျော်သောက်ရင် အလွန် လိုက်ဖက်ပါတယ်ရှင့်။ ဝါးပလုပ်၊ နို့ဆီ၊​ ထောပတ်သီးဖြင့်လဲ ဖျော်သောက် နိုင်ပါတယ်ရှင့်။

⚜ထားသိုသိမ်းဆည်းနည်း?

အရေးကြီးတာကတော့ ဒီစားသောက်ကုန်ကို ချစ်မိတ်ဆွေတို့ လတ်လတ်ဆတ်ဆတ် သန့်သန့်ရှင်းရှင်း သုံးဆောင်နိုင်ရန် အတွက်

⭕ နေရောင်နဲ့ တိုက်ရိုက် မထိတွေ့စေဖို့

⭕ ရေခဲသေတ္တာ (သို့) အေးသော နေရာမှာထားသိုဖို့

⭕ သုံးဆောင်ပြီး ချက်ချင်း အဖုံးပြန်ပိတ်ထားဖို့

⭕ ပြင်ပ ဖုန်မှုန့် အညစ်အကြေးမဝင် စေဖို့

အထူး သတိထားစေလိုပါတယ်ရှင့်။

    3.500,00KPrice
    Quantity
    Product Page: Stores_Product_Widget
    bottom of page