အဏ္ဏဝါကင်းမွန်ခြောက် (Big Dry Sea Squids)
⚜ပစ္စည်းအကြောင်း?
🦑 ပင်လယ်ကင်းမွန်(အကောင်ကြီး) တွေကို လတ်လတ်ဆတ်ဆတ် အနေအထားမှာ စနစ်တကျ ရင်ခွဲသန့်စင်ပြီး နေခြောက်လှန်းထားတဲ့ တနသ်ာရီ ရိုးရာ ဒေသထွက်ကုန်တစ်ခု ဖြစ်ပါတယ်ရှင့်။
🦑 အငန်ဓာတ်မပါ လုံးဝ အချိုခြောက်ဖြစ်ပြီး အညစ်အကြေး လုံးဝမပါ လတ်ဆတ်တာမို့ သဘာဝ အချိုအရသာကို ရရှိဖို့ အန်တီသင်း အထူး အာမခံပါတယ်ရှင့်။
🦑 လူကြီး၊ လူငယ်မရွေး လူကြိုက်များတဲ့ ထုတ်ကုန် တစ်ခု ဖြစ်ပါတယ်ရှင့်။
🦑 မှာယူလိုပါက ၁၀ ကျပ်သားထုပ် နှင့် တစ်ပိဿာထုပ် နှစ်မျိုး ရနိုင်ပါတယ်ရှင့်။
(ပြန်လည်ရောင်းချလိုသူများ နှင့် ကိုယ်စားလှယ်များ အတွက် လက္ကားစီစဥ်ပေးပါတယ်ရှင့်။ အရင်းအနှီး မတတ်နိုင်သော Order (အော်ဒါ) ကောက်လိုသူများ ကိုလဲ ကူညီလက်တွဲပေးပါတယ် ရှင့်။)
⚜ဘယ်လိုစားရပါသလဲ?
🦑 ကင်းမွန်ခြောက်ကို မီးသွေးဖိုမှာ အနေတော် မွှေးလာသည်အထိ မီးဖုတ်ပြီးတဲ့အခါ၊ အသားမွှပျော့အောင် ဆုံထောင်းဖြင့် နာနာထုပြီး၊ လက်ဖြင့် အသားမျှင်လေးတွေ လွယ်ကူစွာမွှပေးပါရှင့်။
(မီးဖုတ်တဲ့အခါ အချိန်ကြာ လွန်ကဲအောင် မီးဖုတ်ပါက အသားများ တူးကြေသွားတတ်တာမို့ မတူးအောင် သတိထားပေးပါရှင့်)
မွှပြီး ကင်းမွန်အသားမျှင်များကို သားရေစာအဖြစ် သုံးဆောင်နိုင်သလို၊ ဆီဆမ်းပြီး ထမင်းနဲ့ စားသုံးနိုင်တဲ့ အပြင်၊ မြိတ် ပအုန်းရေ ငပိဖျော်နှင့်လဲ တွဲဖက်စားသုံးနိုင်ပါတယ်ရှင့်။
🦑 ဆီဖြင့် အလွယ်တကူကြော်ပြီးလဲ၊ အထက်ပါအတိုင်း အသားမွှနိုင်ပါတယ်ရှင့်။
🦑 ကင်းမွန်ခြောက်ကို ရေဆူဆူဖြင့် ကြာကြာပြုတ်ပြီး သုပ်စားခြင်း၊ ခေါက်ဆွဲထဲထည့်စားခြင်း၊ ပြန်ကြော်စားခြင်း စသဖြင့် လိုအပ်သလို ပြုပြင်စားသုံးနိုင်ပါတယ်ရှင့်။
(သတိပြုစေလိုတာက ကင်းမွန်ခြောက် ပြုတ်တဲ့အခါ ပြုတ်ရေကို မသွန်ပစ်ပဲ ရေခမ်းသည်အထိ ပြုတ်ပေးပါရှင့်။ ပြုတ်ရေထဲ ကင်းမွန်အချိုဓာတ် ပါတာမို့ မသွန်ပစ်သင့်ပါရှင့်)
ထားသိုသိမ်းဆည်းနည်း?
⭕ အရေးကြီးတာကတော့ ဒီစားသောက်ကုန်ကို ချစ်မိတ်ဆွေတို့ လတ်လတ်ဆတ်ဆတ် သန့်သန့်ရှင်းရှင်း သုံးဆောင်နိုင်ရန် အတွက် အဏ္ဏဝါ ကင်းမွန်ခြောက်ကို ခြောက်သွေ့တဲ့ နေရာမှာထားဖို့၊ ရေမထိစေဖို့ အထူး သတိထားစေလိုပါတယ်ရှင့်။
⭕ ရေထိတာ ဖြစ်သွားခဲ့ရင်လဲ နေပြန်လှန်းရင် ရပါတယ်ရှင့်။